Lyrics
September 2, 2022

Amone Phwe Tay

အမုန်းဖွဲ့တေး

တေးရေး - မြင့်မိုးအောင်

တေးဆို - ထက်နေကြည်

[V1]

မေ့ပစ်လိုက်ပါဆိုလည်း

ရင်ခုန်နေတယ် နှလုံးသားမှာ

မြင်ရဲ့လား မင်းအမည်လေးသာ

မုန်းပစ်လိုက်ပါဆိုလည်း ..

ဒဏ်ရာတွေနဲ့ နာကျင်နှလုံးသား

ဒီလိုအကြင်နာတွေကို ဟန်ဆောင်မရတာ...

[Cho]

မင်းသိမှာပါ ငါရဲ့အချစ်တွေဟာ

နောက်ဆုံးအချိန်ထိ မင်းနဲ့ဝေးဝေးမသွား

မင်းအမုန်းများ စီးကာနေလည်း

နောက်ဆုတ်ဖို့မစဉ်းစား

အမြဲတမ်းမင်းအနား ရောက်လာမှာပါ

ငါ့အချစ်များ...

[V2]

အဝေးဆုံးသွားပြီဆိုလည်း

ကျန်နေမှာပါ မင်းအနားမှာ

အချိန်တွေတိုင်း ငါ့အချစ်များစွာ

လောကကြီးရဲ့ အပြင်ဘက်

ပြန်မလာနိုင်အောင် ငါထွက်သွားလည်း

ယူပါအကြင်နာတွေကို ငါချန်ခဲ့မှာ...

[Cho]

မင်းသိမှာပါ ငါရဲ့အချစ်တွေဟာ

နောက်ဆုံးအချိန်ထိ မင်းနဲ့ဝေးဝေးမသွား

မင်းအမုန်းများ စီးကာနေလည်း

နောက်ဆုတ်ဖို့ မစဉ်းစား

အမြဲတမ်းမင်းအနား ရောက်လာမှာပါ

ထာဝရအချစ်များ

[Cho]

အို ... မင်းသိမှာပါ ငါရဲ့အချစ်တွေဟာ

နောက်ဆုံးအချိန်ထိ တူတူလေမင်းအနား

မင်းအမုန်းများ စီးကာနေလည်း

နောက်ဆုတ်ဖို့ မစဉ်းစား

အမြဲတမ်းမင်းအနား ရောက်လာမှာပါ

ငါ့အချစ်များ ...

ထာဝရ အချစ်များ

Burmese LyricsBee @ 2022

Thanks.