July 2, 2024

Trash Heroes

"Chou မကိုင်ပါနဲ့ကွာ"၊ "ကိုဆေးကြီး Sun"၊ "Franco hook god"

— Many players in Myanmar.


Chou being bullied.

ကျနော် ဒီ Article မှာ ပြောချင်တာကတော့ Myanmar Player တွေအကြောင်းပါ။ မြန်မာနိုင်ငံ နဲ့ မြန်မာ Player တော်တော်များများက Chou၊ Badang၊ Dyrroth၊ Layla၊ Sun၊ Franco၊ Nana၊ Miya စတဲ့ ကောင်တွေကိုင်ရင် မကြိုက်ကြပါဘူး၊ ဘာလို့လဲ ဆိုတော့ Hero မကောင်းလို့မဟုတ်ပါဘူး၊ အဓိကကတော့ ဆော့တဲ့သူမကောင်းလို့ပါ။ "Say Pro Lay" တို့၊ "Chou player lay" တို့လိုကောင်တွေကိုင်ရင် Damage က -696969 ဖြစ်ပြီး KDA 0/29/0 ဖြစ်နေကြပါ၊ ‌ဒါပေမဲ့ ကိုင်တဲ့သူကိုကြည့်ပြီး Hero မကောင်းဘူးလို့ပြောလို့မရပါဘူး။ Chou ဆိုတကယ်ကြမ်းတဲ့ Player တွေ Burmese Chou၊ Cake Chou၊ Choou စတဲ့လူတွေကြဘယ်လိုလုပ်မလဲ၊ ပြီးတော့ Global Top 10-1 မှကြမ်းတာမဟုတ်ပါဘူး။ Local No. 3 တို့၊ Kayin No. 65 တို့တွေလဲကြမ်းပါတယ်။ Hero တိုင်းက သူတို့ကိုယ်စီ Weakness တွေနဲ့ Strength တွေရှိပါတယ်၊ အဲ့ Weakness ကိုမရှိသလိုကာကွယ်၊ ရှိတဲ့ Strength ကို လပေါ်ထိ ထောင်နေအောင် တင်ပြီးဆော့ရမှာက Player တွေရဲ့ တာဝန်ပါ၊ ဥပမာ Dyrroth ဆို Defense Reduction နဲ့ Burst Damage ကိတ်လို့ Physical Penetration နဲ့ဆော့ပြီး Defend High Hero တွေကိုပါအပြီရိုက်လို့ရအောင် Strength အနေနဲ့ ထားပါတယ်၊ အဲ့ဒါပေမဲ့ Edith၊ Khufra တို့လို Stun များတဲ့ Hero တွေဆိုရင်တော့ သူ့ရဲ့အကြီးမှားဆုံး အားနည်ချက် ဖြစ်ပြီးအဲ့ Weakness ကို မထိအောင် ထိမ်းဆော့ပြီး Defend တွေဘာတွေ လိုအပ်ရင် ဆက်ရပါတယ်။ အဲ့လိုဆော့နိုင်မှ၊ Game Sense (ထမင်းစားရေသောက်သလိုကြေနေအောင်) ရှိမှာ Pro Player လို့ခေါ်တာပါ။ ဒိနေ့ Article ‌လေးကတော့ Short Fact ဆိုတဲ့အတိုင်းတိုပါတယ်၊ ဒါပေမဲ့ မိတ်ဆွေတို့ကို အသိတရားရစေတယ်ဆိုကျနော် ‌‌လုပ်ရကြိုးနပ်ပါပြီ။