Mobile Legend: Bang Bang (Myanmar)
June 29, 2024

Fighters

Introduction


Fighter Role မှာဆိုလူတိုင်း သိတဲ့ Chou၊ Badang၊ Sun စတဲ့စတဲ့ Hero တွေရှိပြီး Pure Fighter (Fighter Role Only ပါတဲ့ Hero) 25 ကောင်ရှိပြီး Mixed Role (Role နှစ်ခုပေါင်း) ထားတဲ့ကောင်စုစုပေါင်း 16 ကောင်ရှိပါတယ်။ Fighter အများစုကတော့ Objective Hero (Objective Hero တွေဆိုတာကတော့ Burst Type မဟုတ်ပဲဖြေးဖြေးချင်း Damage ပေးတာ၊ Basically Sustain Hero တွေကိုပြောတာပါ) တွေဖြစ်ပါတယ်၊ Objective Fighter တွေအများစုရဲ့တွဲလုံး တွေကတော့ War Axe + Bruce Force Breastplate + Hunter Strike တွဲလုံးပဲဖြစ်ပါတယ် (Balmond၊ Lapu-Lapu၊ Yu Zhong၊ Terizla စတဲ့ Hero မှာအသုံးဝင်ပါတယ်၊ Spell Vamp၊ True Damage နဲ့ Penetration ဆိုတော့ Enemy တွေကိုနှိမ်တာ၊ 1v1 Battle တွေ Engage လုပ်တာတွေမှာတော်တော်လုပ်ဖြစ်ပါတယ်)။ Burst Hero တွေကတော့ ဒီတွဲလုံးကိုသုံးတာရှားပါတယ်၊ Stack စုတာကမလွယ်တာကြောင့်ဖြစ်ပါတယ်။ EXP Fighter တွေက Turtle Battle၊ Lord Battle တွေနဲ့ Team fight တွေမှာတော်တော်ကိုအရေးပါတဲ့ အခန်းဂဏ္ဍဟာကနေပါဝင်နေပါတယ်။ ကျနော်တို့ EXP ကိုင်ပြီဆို Myanmar Player တွေတော်တော်များများ Master နဲ့အောက်မှာဆို Retri မပါပဲနဲ့ Buff တွေနှောက်တာတွေ၊ စား‌တာတွေကိုတွေ့တွေ့နေရပါတယ်၊ အဲ့တာကတကယ်ဆိုမလုပ်ရပါဘူး၊ ဘာလို့လဲဆိုတော့ ကို့ Jungler ကို Retri သုံးဖို့တွန်းအား‌ပေးသလို ဖြစ်နေပါတယ်၊ အဲ့လိုကျတော့ First Turtle တွေ၊ First Lord တွေ၊ Jungle Invade လုပ်တာတွေမှာဆို ကို့ Jungler က Retri မရှိတော့ကို့ဘက်က တစ်ပန်းရှံးပါတယ်၊ အဲ့တာကြောင့် EXP ကိုင်ပြီဆို Jungler ရဲ့ Buff ကို Damage နဲနဲပေးပြီးကို့လမ်းကိုသွားပါ။ ဟုတ်ကဲ့ပါအခုကျနော်တို့ Fighter ထဲမှာ ဘယ်ကောင်တွေပါလဲ၊ Mixed Fighter တေတွေထဲမှာဘယ်ကောင်တွေပါလဲဆိုတာကြည့်လိုက်ရအောင်။

Pure Fighters

Pure Fighter တွေဆိုတာကတော့သိတဲ့အတိုင်း ဘာ Fighter/Assassin တို့ Assassin/Fighter တို့ မပါပဲနဲ့ Fighter Only Hero တွေပဲဖြစ်ပါတယ်။ Pure Fighter ကတော့ War Axe/Bruce Force Breastplate Combo ကို Full Privilege ရတဲ့ Role 3 ခုထဲကတစ်ခုဖြစ်ပါတယ်။ ဒီထဲမှာပါတဲ့ Hero တွေကတော့;
Balmond, Freya, Chou, Sun, Alpha, Ruby, Lapu-Lapu, Argus, Jawhead, Martis, Aldous, Leomord, Thamuz, Minsitthar, Badang, Guinevere, X.Borg, Dyrroth, Masha, Silvanna, Yu Zhong, Khaleed, Phoveus, Aulus နဲ့ Cici တို့ပဲဖြစ်ပါတယ်။

Primary Fighters

Primary Fighter ဆိုတာကတော့ အရှေ့ပိုင်း Fighter တွေဖြစ်ပါတယ် (Fighter/Assassin, Fighter/Tank etc)၊ ဒီလို Primary Fighter ဖြစ်ခြင်းအားဖြင့်ဘာရလဲဆိုတော့ Roger နဲ့ပဲဥပမာပြလိုက်ပါမယ်၊ War Axe/Bruce Force Breastplate Combo တွေမှာ Marksman တွေ၊ Mage တွေ၊ Support တွေက ဒိတွဲလုံး‌ကနေ Penetration၊ Movement Speed၊ Resilience နဲ့ True Damage ကို 50% ရှောက်ချလိုက်ပါတယ်၊ အဲ့တော့ Primary Tank၊ Assassin နဲ့ Fighter တွေမဟုတ်ရင် Full Privilege ရရှိမှာမဟုတ်ပါဘူး၊ Fighter Role ကို Primary နဲ့ Hero တွေကတော့ War Axe/Bruce Force Breastplate Combo ကို Full Privilege ရပါတယ်။ ဒီထဲမှာပါတဲ့ Hero တွေကတော့;
Alucard, Bane, Zilong, Hilda, Roger, Terizla, Paquito, Yin, Julian, Fredrinn နဲ့ Arlott တို့ပဲဖြစ်ပါတယ်။

Secondary Fighters

Secondary Fighter ဆိုတာကတော့ အနောက်ပိုင်း Fighter တွေဖြစ်ပါတယ် (Assassin/Fighter, Tank/Fighter etc)၊ ဒီ Role ထဲမှာ‌တော့ အပေါ်မှာပြောခဲ့တဲ့ War Axe/Bruce Force Breastplate Combo ကို Full Privilege မရပါဘူး (အနောက်မှာပဲ Fighter Role ပါတာဆိုတော့ Main Role က Fighter မဟုတ်တာကြောင့် မရတာပါ)။ ဒီထဲမှာပါတဲ့ Hero တွေကတော့;
Gatotkaca, Grock, Kaja, Benedetta နဲ့ Barat တို့ပဲဖြစ်ပါတယ်။

Fact: Fighter Role ကအခုလက်ရှိ Role တွေထဲမှာ Hero အများဆုံးရှိတဲ့ Role ပဲဖြစ်ပါတယ်။